ဖက်စပ်ကုမ္ပဏီအသစ်တစ်ခုတည်ထောင်ခြင်း



Ever Flow River Group Public Co., Ltd. (EFR) ၏ ဒါရိုက်တာအဖွဲ့အနေဖြင့် အစုရှယ်ယာရှင်များအားအသိပေးလိုသည်မှာ EFR ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Unison Choice

Services Limited. သည်  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်စက်မှုမြို့တော် အတွက် လိုအပ်လျက်ရှိသည့် ဘက်စုံထောက်ပံ့ပို့ဆောင်ရေးအခြေခံ အဆောက်အအုံတစ်ခုဖြစ်သည့် ဧရာဝတီ

အပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်း (Ayeyarwaddy International Industrial Port (AIIP)) အား အကောင်အထည်ဖော်စီမံခန့်ခွဲသူအဖြစ်ဆောင်ရွက်နိုင်ရန် Ayeyar Hinthar Holdings Co., Ltd.

 (AHH) နှင့်ပူးပေါင်း၍ “A Logistics Co., Ltd.” အမည်ရှိ ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်ရန် သဘောတူစာချုပ်အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

Unison Choice Services Limited.  သည် လွန်ခဲ့သော ၁ နှစ်ကျော်ခန့်မှစတင်၍ ထို AIIP ဆိပ်ကမ်း၏ Feasibility Study နှင့် Design Development ကို AHH ကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့

ပါသည်။ အဆိုပါစီမံကိန်းသည် ပုသိမ်စက်မှုဇုံမြို့တော်အတွက် အဓိကဘက်စုံထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတစ်ခုအဖြစ် နိုင်ငံတကာအဆင့်မီဆိပ်ကမ်း၊ ကုန်လှောင်ရုံ၊ ကုန်သေတ္တာလွင်ပြင် နှင့်

 Bonded Warehouses များစသည်ဖြင့် လိုအပ်သောအခြေခံအဆောက်အအုံများ အပြည့်အစုံ ပါဝင်မည်ဖြစ်ပြီး နောင်တွင် ပင်လယ်ကူးသင်္ဘောကြီးများဝင်ထွက်သွားလာနိုင်သည့် နိုင်ငံတကာ

 ဆိပ်ကမ်းကြီးတစ်ခု ဖြစ်ပေါ်လာစေမည် ဖြစ်ပါသည်။

အဆိုပါစီမံကိန်းသည် ပုသိမ်မြို့အနီး ပုသိမ်-ငပုတောအဝေးပြေးလမ်းမပေါ်ရှိ ပုသိမ်စက်မှု မြို့တော်တွင်တည်ရှိပြီး အကျယ်အဝန်းမှာ ၆၇၀၀ ဧက ခန့် ရှိပါသည်။

 

အထက်ပါသဘောတူညီမှုအရ တည်ထောင်ထားသည့် “A Logistics Co., Ltd.” မှဆောင်ရွက် သွားမည့်လုပ်ငန်းများမှာ AIIP ဆိပ်ကမ်းအတွက် Operator အဖြစ်ဆောင်နိုင်ရန် လိုအပ်သော Design,

 Operation, Work Force များအတွက်လေ့ကျင့်ပျိုးထောင်ခြင်းများလုပ်ဆောင်ရန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့်ဆက်စပ်ဒေသများ၏ Manufacturing နှင့် Trading ဖွံ့ဖြိုးတိုးတက်မှု အတွက်

လိုအပ်သော Logistics ဆိုင်ရာ ပံ့ပိုးမှုများ‌ဆောင်ရွက်ပေးရန်၊ စရိတ်စက သက်သာ လွယ်ကူစွာဖြင့် ဒေသထွက်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ပို့ဆောင်ပေးနိုင်ရန်၊ စိုက်ပျိုးရေး အပါအဝင်

 ကုန်ထုတ်လုပ်မှုနှင့် အထည်ချုပ် CMP လုပ်ငန်းများအတွက်လိုအပ်သော သွင်းကုန်များကို နိုင်ငံတကာမှစျေးနှုန်းသက်သာစွာဖြင့် တင်သွင်းနိုင်အောင် လိုအပ်သော ဘက်စုံထောက်ပံ့ ပို့ဆောင်ရေး

ဝန်ဆောင်မှု (Logistics Services) များကို ဆောင်ရွက်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။ 

ဤစီမံကိန်းအောင်မြင်စွာပြီးစီးပါက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားဒေသထွက်ကုန်များကို နိုင်ငံတကာစျေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အရည်အသွေး မြင့်

ကုန်ပစ္စည်းများကို လက်ဦးမှုရယူရောင်းချနိုင်ရန် ပြည်တွင်းထုတ်ကုန်စွမ်းအားကို တစိတ်တဒေသ ပံ့ပိုးမြှင့်တင်နိုင်ပါလိမ့်မည်။ ထို့အပြင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ

 ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ပါသည်။

EFR ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Unison Choice Services Limited.  အနေနှင့် ဖက်စပ်ကုမ္ပဏီဖြစ်သော A Logistics Co., Ltd. တွင် စုစုပေါင်းအစုရှယ်ယာ ၆၀% ကိုထည့်ဝင်

သွားမည်ဖြစ်ပြီး ကျန် ၄၀% အား AHH ကုမ္ပဏီမှ ထည့်ဝင်သွားမည်ဖြစ်ပါသည်။ ဖက်စပ်ကုမ္ပဏီတည်ထောင်မှုနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုကိစ္စရပ်များအား အစုရှယ်ယာရှင်

များသို့ အချိန်နှင့်တပြေးညီ အသိပေးသွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ 

 

ဒါရိုက်တာအဖွဲ့၏ညွှန်ကြားချက်အရ

 

မောင်မောင်ဦး

(Vice Chairman)

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်